အာဆီယံသည်မြန်မာနိုင်ငံအပေါ်ခွဲခြားဆက်ဆံနေဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်
One News
Nov 22, 2026
အာဆီယံဟာ မြန်မာနိုင်ငံအပေါ်ခွဲခြားဆက်ဆံနေပြီး အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေ၊ အထူးသဖြင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူညီမျှရှိမှု၊ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်မှုနဲ့ တူညီဆန္ဒနဲ့ဆုံးဖြတ်မှုတို့ကို လေးစားလိုက်နာခြင်း မရှိတာဟာအလွန်ပင် စိတ်မကောင်းဖွယ်ရာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်က ကျင်းပခဲ့တဲ့ (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံထုတ်ပြန်ချက် (၅) ရပ် အကောင်အထည်ဖော်မှုအပေါ် အာဆီယံနိုင်ငံ့ခေါင်းဆောင်တွေရဲ့ သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်လို့ အသိအမှတ်ပြုကြိုဆိုကြောင်း ဖော်ပြချက်တချို့ကို မြန်မာနိုင်ငံက အသိအမှတ်ပြုတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ အာဆီယံထိပ်သီးအစည်းအဝေးရဲ့ ကြေညာချက်နဲ့ အကြံပြုတိုက်တွန်းချက်တွေဟာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေ အပေါ် ထင်ဟပ်မှုမရှိတဲ့အပြင် တရားမျှတမှုမရှိကြောင်း တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒါ့အပြင် အာဆီယံထိပ်သီးအစည်းအဝေးတွေကို အဖွဲ့ဝင်နိုင်ငံတွေရဲ့တက်ရောက်မှုနဲ့ပတ်သက်ပြီး သတ်မှတ်ချက်ကို သက်ဆိုင်ရာနိုင်ငံကသာ အာဆီယံပဋိညာဉ်စာတမ်းပါ အခန်း(၄)၊ အပိုဒ်(၇) နဲ့အညီ တက်ရောက်တာဖြစ်ပြီး အခုလိုခွဲခြားဆက်ဆံမှုဟာ အာဆီယံပဋိညာဉ်စာတမ်းနဲ့မကိုက်ညီသလို အစဉ်အလာလည်းမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
အာဆီယံဟာ အာဆီယံပဋိညာဉ်စာတမ်းမှာပါရှိတဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု လေးစားရေး၊ တန်းတူညီမျှမှုရှိရေး၊ အားလုံးပါဝင်ရေးနဲ့ တူညီဆန္ဒနဲ့ ဆုံးဖြတ်ရေးစတဲ့ မူလအခြေခံမူတွေကို ထိန်းသိမ်းစောင့်ရှောက်လိမ့်မယ်လို့ မြန်မာနိုင်ငံက ရိုးသားစွာယုံကြည်မျှော်လင့်တယ်လို့ ဆိုပါတယ်။အာဆီယံအနေနဲ့ အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာနဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒသဘောထားတွေအရ အဲဒီအခြေခံမူတွေကို လေးစားလိုက်နာဖို့ အခက်အခဲရှိမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
တရုတ်နိုင်ငံမှမြန်မာနိုင်ငံအတွက် စီမံကိန်း(၁၄၀)ကျော် ပံ့ပိုးကူညီပေးခဲ့
One News
Nov 17, 2026 26တရုတ်နိုင်ငံအနေနဲ့ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေနဲ့ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေတွေကနေတစ်ဆင့် မြန်မာနိုင်ငံအတွက် စီမံကိန်း စုစု ပေါင်း(၁၄၀)ကျော်ကို ပံ့ပိုးကူညီပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jai ကပြောပါ တယ်။